DOWNLOAD HERE
Shuame Root ကိုအသုံးပြုပြီး Root လုပ်ဖို့အတွက် ကွန်ပျူတာမှာ မိမိရဲ့ ဖုန်းအမျိုးအစားအလိုက် Driver သွင်းထားဖို့လိုပါတယ်။ကွန်ပျူတာမှာ Driver ကို install လုပ်ထားပါ။
ပြီးလျှင် ခုနက download လုပ်ခဲ့တဲ့ Shuame Root v1.2.1 ကို ကွန်ပျူတာမှာ install လုပ်ပြီး run လိုက်ပါ။ အပေါ်က ပုံအတိုင်းပေါ်လာပါမယ်။ ပေါ်လာရင် ပုံထဲကစက်ဝိုင်းပြထားတဲ့ ခလုတ်ကိုသွားပါ။
အောက်ပါအတိုင်းပေါ်လာပါမယ်။ ပြီးရင်ဖုန်း/Tablet ရဲ့ Setting > Developer Option ထဲက USB Debugging ကို enable လုပ်ထားပြီး ဖုန်း/Tablet ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ပုံမှာ စက်ဝိုင်းအနီနဲ့ပြထားတဲ့ ခလုတ်ကိုနှိပ်ပါ။
ဖုန်း Driver ကိုကွန်ပျူတာမှာသွင်းထားပြီး USB Debugging Setting ကို On ခဲ့တယ်ဆိုရင်တော့ Root လုပ်ဖို့ Alert box လေးပေါ်လာရင် next လုပ်လိုက်ရုံပါပဲ ။ Root လုပ်ရတာကလည်းအရမ်းလွယ်ပါတယ်။
ဖုန်းမှာ Super User (သို့) SU လို့ရေးထားတဲ့ icon လေးတွေ့ပြီဆိုရင်တော့ root process အောင်မြင်ပြီလို့ပြောလို့၇ပါပြီ။
ကိုယ့်ရဲ့ ဖုန်း/Tablet က root ဖြစ်မဖြစ်ကိုတော့ root checker လို android app ကိုသုံးပြီးစစ်ဆေးကြည့်နိုင်ပါတယ်။
root checker apk လိုချင်ရင်တော.အောက်မှာဒေါင်းပါ။
DOWNLOAD HERE
အဆင်ပြေပါစေဗျာ။
No comments:
Post a Comment