* Tango အသုံးပြုပြီး Phone Free ပြောကြမယ်***
ဖုန်းအချင်းချင်း (သို့ မဟုတ် ) ကွန်ပြူတာကနေ ဖုန်း ကို Video Call Free ခေါ်လို့ ရတဲ့ဆော့ဝဲလ်လေးပါ။
အင်တာနက်ကွန်နက်ရှင်တော့လိုတာပေါ့နော်...
ဒီ Tango ဆော့ဝဲလ် က ဖုန်းမှာသုံးမယ်ဆိုရင် i phone,Andriod,Window mobile phone တွေမှာသုံးလို့ ရပါတယ်...
ဖုန်းထဲ ကပါတဲ့ Market ကနေဘဲဖြစ်ဖြစ် Play Store က ဘဲ ဖြစ်ဖြစ် tango video call ဟုရိုက်ပြီး ဒေါင်းလော့ဆွဲလို့  ရပါတယ်။
ကျွန်တော်ကတော့ PC အတွက်ပဲ Download ဆွဲလိုက်တယ်။ လက်ရှိလည်း အသုံးပြုနေပါတယ်..။
*Tango Software အား ကွန်ပျူတာ တွင် ဒေါင်းလော့ဆွဲနည်း*
ပထမဆုံး ဒီလင့်ထဲ ဝင်လိုက်ပါ = http://www.tango.me/
ပြီးတော့ အနီရောင်ပုံကွက်ထဲမှာ.......
အဲဒီမှာ Computer အတွက် Phone အတွက် ရှိပါတယ်...။
သူဖြည့်ခိုင်းတာတွေကိုပြည့်စုံအောင်ဖြည့်ပေးလိုက်ပါ။ပြီးရင် Submit ကိုနှိပ်ပေးလိုက်ပါ။
ထို့ နောက် မိမိ ဂျီမေးလ် ကိုဖွင့်ပြီး tango က ပို့ ပေးထားတဲ့ မေးလ်ကို
ဖွင့်ပြီး Confirm လုပ်ပေးလိုက်ပါ။
ထိုအခါ မိမိ ပြောချင်တဲ့ သူငယ်ချင်းနဲ့  စတင်ပြောလို့  ရပါပြီ။ မိမိ ပြောချင်တဲ့ သူငယ်ချင်းဆီမှာလည်း tango ဆော့ဝဲလ်ရှိမှ ပြောလို့ ရမှာပါ။
မိမိ သူငယ်ချင်း ရဲ့ ဖုန်းနံပါတ် ကို ရိုက်ပြီး Search ကို
နှိပ်လိုက်ပါ။သူလည်း tango ဆော့ဝဲလ် သုံးထားတယ် ဆိုရင်...တော့
စတင်ပြောဆိုလို့ ရပါပြီ...
No comments:
Post a Comment