Friday, June 21, 2013

Camera fv-5 v1.47 Apk 2.5MB Direct Downlod

Camera FV-5 အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
သူလုပ်ဆောင်ချက်တွေကတော့ တော်တော်လေးမိုက်တယ် တကယ့် ကင်မရာ တစ်လုံးအတိုင်းနီးပါဘဲ
ဖုန်းရဲ့ original camera setting ထက်အများကြီးပိုကောင်းအောင် features အလန်းစားတွေထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ဖို့ ရုပ်ထွက်အတွက် အမျိုးမျိုးချိန်ညှိပေးနိုင်ပါတယ်။ Google Play မှာဝယ်ရင် ဈေးကြီးပါတယ်။
မှာလေ့လာပြီး အသုံပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

လေချွန်ပြီး ဖုန်းကိုရှာမယ် For Android

သူကတော့ Free ဗားရှင်းပါ https://play.google.com/ မှာလည်းလေ့လာနိုင်ပါတယ်
Myanmar Mobile Users Group  မှကူးယူဖော်ပြပါတယ်

ဖုန်းအချင်း ဖိုင်ပို့သူတွေအတွက် bluetooth ထက် ၁၀-ဆလောက်မြန်တဲ့ Zapya v1.7 Apk 7MB

zapya အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံး Update လေးပါ
ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ်ဗျာ… 
သူက wifi connection ကိုသုံးထားတာပါ… zapya ကိုသုံးဖို့အတွက် သုံးမဲ့စက်အားလုံးမှာ
 zapya တင်ထားဖို့တော့လိုပါတယ်… wifi သုံးထားတဲ့အတွက် network တစ်ခုဖန်တီးပြီး
 အလုံးများစွာ ချိတ်ဆက်လို့ရပါတယ်… 
တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးတော့ zapya game လေးတွေလည်း ဆော့လို့ရပါတယ်… 
တစ်ကယ်ကို ပျော်စရာကောင်းပါတယ်… 
network တစ်ခုဖန်တီးဖို့ကတော့ zapya ကိုဖွင့်ပြီး connect to friends ဆိုတာကိုနှိပ်လိုက်ပါ… 
ချိတ်မယ့်သူထဲက တစ်ယောက်က ဆာဗာထောင်ရပါမယ်.. 
ကျန်တဲ့သူတွေက အဲဒီဆာဗာကို join ရပါမယ်…
 အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်…
 file နဲ့ app တွေကို share ဖို့ကတော့ 
ကိုယ် ပို့ချင်တဲ့သူရဲ့ logo လေးထဲကို ပို့ချင်တဲ့ ဖိုင်ကို drag ဆွဲပြီး ပို့လိုက်ယုံပါပဲ… 

တစ်ခုထူးခြားတာက apk ဖိုင်မရှိပဲ install လုပ်ထားတဲ့ app တွေကိုပါ share ပြီး သုံးလို့ရတာပါပဲ….
 game တွဲဆော့မယ်ဆိုရင်လည်း တစ်ယောက်က ဆော့မယ့်game ကို နှိပ်ပြီး start လုပ်လိုက်ပါ…
ဒါဆိုရင် ကျန်တဲ့ network တွင်းမှာရှိတဲ့သူတွေဆီကို request ရောက်ပါမယ်..
 accept လုပ်ပေးလိုက်ရင် တွဲဆော့လို့ရပါပြီ…  တစ်ကယ်ကိုကောင်းပါတယ်… လိုချင်ရင် အောက်မှာ ဒေါင်းသွားလိုက်ပါဗျာ…

Download>>>zippyshare

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု ။။။

William Alison Thant and 4 other people shared သတင်းချစ်သူ - ဝေဟင်'s photo.
စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု ။။။

ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် …ကျွန်တော်အနေနဲ့
လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက် …

REF : http://www.hongkiat.com/
မောက်ခ ပညာရေးမှ ပြန်မျှဝေတာပါ။

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

From : သီဟမင်း
၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ေ****တွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
http://www.myanmarexpress.net/2012/04/blog-post_07.html

အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး

·         အမျိုးသမီးငယ် ၁၃ ဦးကို စင်ကာပူတွင် အိမ်အကူလုပ်ရန် ပို့ဆောင်ပေးမည့် အကျိုးဆောင်ကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် - ၁၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အမျိုးသမီးငယ် ၁၃ ဦးအား စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ (မြန်မာငွေ ၂၆၀,၀၀၀ ကျပ်)ဖြင့် ဆက်သွယ် ပို့ဆောင်ပေးမည့်သူကို သန်လျင်ရဲစခန်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ အမျိုးသမီးငယ် ၁၃ ဦးအား ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ရာမှ ၎င်းအုပ်ချုပ်ရေးမှူးက မသင်္ကာသဖြင့် မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

FMI CITY လှိုင်သာယာမြို့နယ်နေသူ မအေးအေးချို၏ ဆက်သွယ်မှုဖြင့် အဆိုပါ အမျိုးသမီးငယ်များ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏မိခင် ဒေါ်ကြည်ဌေးက နေအိမ်တွင် လက်ခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှတ်တမ်းများအရ သိရသည်။

ယင်းကိစ္စအား လူကုန်ကူးအထူးအဖွဲ့မှ ရဲအုပ်ဌေးအောင်က သြဂုတ် ၉ ရက်တွင် ဆက်လက်စစ်ဆေးခဲ့ရာ မစန္ဒာလွင်(ကောင်းခန့်ဟိန်း အထွေထွေအကျိုးဆောင်လုပ်ငန်း၏ မန်နေဂျာ)နှင့် တစ်ဦးက စင်ကာပူနိုင်ငံ၌ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန် သုံးသုတ်ခွဲကာ ပေးပို့မည်ဖြစ်ပြီး မအေးအေးချိုက အိမ်အကူလုပ်ငန်းအတွက် အဆိုပါ အမျိုးသမီးငယ်များအား သင်ကြားပေးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

မစန္ဒာလွင်ပါ လေးဦးအား အရေးယူပေးရန် ရဲအုပ်ဌေးအောင်က တရားလိုပြုလုပ် တိုင်တန်းမှုကို သန်လျင်ရဲစခန်းက (ပ) ၉၉၁/ ၁၂၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ-၂၆ ဖြင့် သြဂုတ် ၉ ရက်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ်ထွန်းထွန်းဝေက တရားခံများအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းထံမှသိရသည်။

ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်သည့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် လူတင်ပို့ခွင့် မှတ်ပုံတင်ရပြီး မှတ်ပုံတင်မရှိသည့် ကုမ္ပဏီများအား နိုင်ငံတော်အစိုးရက ပြည်ပအက်ဥပဒေပုဒ်မ ၂၆ (အထူးနှင့်အထွေထွေ)ဖြင့် ဖမ်းဆီးနိုင်သည်ဟု တရားဝင် ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

တယ်လီဖုန်း အရေးပေါ် အားသွင်းနည်းတခု

   တယ်လီဖုန်း အရေးပေါ် အားသွင်းနည်းတခု
သဘာဝဆိုတာ တကယ့် စွမ်းအင်ကို ရစေတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒါကို သက်သေထူတဲ့ လူငယ်တဦးကတော့ ထိုင်း နိုင်ငံက တက္ကသိုလ် ကျောင်းသား တဦးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တောင်းပိုင်း တ၀ိုက်ပြီးခဲ့တဲ့ ရေကြီးမှုတွေဖြစ် တော့ လျှပ်စစ်မီးတွေပျက်၊ တယ်လီ ဖုန်းတွေလည်း ဘက်ထရီ အားသွင်းလို့ မရတော့တဲ့အခါ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ် သွားခဲ့တဲ့ သင်္ခန်းစာကို ထိုင်းနိုင်ငံ သားတွေ ရခဲ့ကြပါတယ်။ အဲဒီကနေ ထိုင်းကျောင်းသားလူငယ်တဦးက တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ လုပ်ခဲ့ပါတယ်။ သူကတော့ ဘက်ထရီ အားပြန်သွင်းဖို့အတွက် ရေနွေးငွေ့နဲ့ ဖန်တီးထားတဲ့ Thermoelectric Power Generator အဖြစ် ပုံမှာ ပြသ ထားတဲ့အတိုင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အရေးပေါ် ဘက်ထရီ အားပြန်သွင်းလို့ ရနိုင်ပါတယ်။ အခုတော့ ထိုင်းနိုင်ငံ သတင်းမီဒီယာတွေကပါ အဲဒီလို တီထွင်ပြခဲ့တဲ့ ဘက်ထရီ ဓာတ်အားပြန်သွင်းတဲ့ စနစ်ကို အကျယ်တ၀ံ့ ဖော်ပြသွား ခဲ့ပါတယ်။